နရဲစွမ် ဘုရင်
နိဒါန်း
ထိုင်းနိုင်ငံ မှ ရိုက်ကူးသော သမိုင်းဆိုင်ရာ ရုပ်ရှင်များအနက်“ THE LEGEND OF KING NERASUAN THE GREAT ’” ကို ထိုင်းဘုရင် ၏ တူတော်သူ မင်းသား Chatrichalerm Yukol က ရိုက်ကူးခဲ့ ခြင်းဖြစ်ပြီး ၄င်း ဒါရိုက်တာ သည် ၂၀၀၁ ခုနှစ် ဆီတုန်းက Legend of Suriyothai ရုပ်ရှင်ကားကြီး ကို ရိုက်ကူးခဲ့သူလည်း ဖြစ်ပါသည်။
ထိုင်းရုပ်ရှင်သမိုင်း မှာ အကြီးအကျယ်ဆုံး၊အခန်းနားဆုံး၊ ကုန်ကျစရိတ် အများဆုံး ဖြစ်ဖွယ်ရာ ရှိသော နရဲစွမ် ဘုရင် ( ဖရာနရာဇ် ၊ ဗြနရာဇ် ၊ Black Prince စသဖြင့် ခေါ်ကြသည် )အကြောင်း ရုပ်ရှင်ကားကြီး ကို ကန်ချနာဘူရီ ခရိုင် တွင် ကမ္ဘောဇသာဒီ နန်းတော် ပုံစံ ဆက်တင်ဆောက်ကာ ဘတ်သန်း ၅၀၀ အကုန်အကျ ခံ ကာ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သော သုံးနှစ်က အချိန်ယူပြီး အသေအချာ ပြင်ဆင် ရိုက်ကူးခဲ့သော အပိုင်း(၃)ပိုင်း ပါသော ယင်းဇတ်ကား အတွက် Lord of the Rings ရုပ်ရှင် ဒါရိုက်တာ Peter Jackson ထံ မှ အကြံဥာဏ် များ ရယူခဲ့ပြီး အပိုင်း သုံးပိုင်း ခွဲ ကာ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ယင်း ဇတ်ကား၏ အပိုင်းများကို အောက်ပါအတိုင်း ခွဲထားသည်။
၁။ ဟံသာဝတီ အကျဉ်းသား Pegu's Hostage
၂။အချုပ်အချာအာဏာ ကို ပြန်လည်ရယူခြင်း Reclaiming Sovereignty
၃။မြန်မာအိမ်ရှေ့မင်းသား မင်းကြီးစွာနှင့် ဆင်စီးချင်းထိုးခြင်း The historic elephant battle between Naresuan and Phra Maha Upparacha of Burma.
အထက်ပါ အပိုင်းများအနက် အပိုင်း ၁ နှင့် ၂ သည် ရုံတင်ပြီး ဖြစ်သည်။ အပိုင်း ၃ ကို ထိုင်းဘုရင်, King Bhumibol Adulyadej ၏ အသက် ရှစ်ဆယ်ပြည့် မွေးနေ့ ကျရောက်သော ၂၀၀၇ ၊ ဒီဇင်ဘာလ ၅ ရက်နေ့ တွင် ရုံတင် နိုင်ရန် ကြိုးစားခဲ့ သော်လည်း အဆင် မပြေခဲ့ပါ။
ဇတ်လမ်းအကျဉ်း
အပိုင်း(၁)ဟံသာဝတီ အကျဉ်းသား Pegu's Hostage ဇတ်လမ်းအကျဉ်း
ဟံသာဝတီ အကျဉ်းသား Pegu's Hostageတွင် အဓိက အပိုင်းကြီး ၄ ပိုင်း ပါဝင်ပါသည်။ ယင်းတို့မှာ
(၁) အယုဒ္ဓယ နှင့် ပစ္စနုလောက် ကျဆုံးခန်း
ဘုရင့်နောင် မင်းတရားကြီး၏ ပဲခူးတပ်များ ပစ္စနုလောက် ကို ၀င်ရောက်တိုက်ခိုက်ခဲ့ သောအခါ ဘုရင် ဓမ္မရာဇာ က အယုဒ္ဓယ ဘုရင်ထံမှ စစ်ကူ ကို မျှော်လင့်ခဲ့သော် လည်း အယုဒ္ဓယ ဘုရင် ချက္ကရာပါဒီ ကိုယ်၌က အယုဒ္ဓယ ကို ကာကွယ်နေခဲ့ရ သဖြင့် ပစ္စနုလောက် ကျဆုံးခဲ့ပြီးနောက် ဘုရင့်နောင်ထံ တွင် သစ္စာခံခဲ့ရသည်။ ဘုရင့်နောင် က စိတ်ချရစေရန် ဘုရင် ဓမ္မရာဇာ ၏ သားတော် နရဲစွမ် မင်းသားကို ဓားစာခံ အနေဖြင့် ခေါ်ဆောင်သွားခဲ့သည်။ သို့ဖြင့် နရဲစွမ် မင်းသားလေး သည် ဘုရင့်နောင် စစ်ချီရာ အယုဒ္ဓယ သို့ ပါသွားခဲ့ပြီး စစ်မြေပြင် အတွေ့အကြုံများစွာ ရခဲ့ သည်။ အယုဒ္ဓယ ကျဆုံးပြီး ပဲခူး ၏ လက်အောက် သစ္စာတော်ခံပြည်နယ် တခု ဖြစ်လာ ပြီး ဘုရင် ဓမ္မရာဇာ ကို မင်းအဖြစ် ဘုရင့်နောင် က တင်မြောက်ပေးခဲ့သည်။
(၂) အယုဒ္ဓယ နှင့် ဟံသာဝတီ နန်းတော် အတွေ့အကြုံ
ပဲခူး နေပြည်တော် သို့ ခေါ်ဆောင်ခြင်းခံ ခဲ့ရသော နရဲစွမ် မင်းသားလေး ကို ဘုရင့်နောင် မင်းတရား ၏ သားတော်တစ်ပါး ကဲ့သို့ ဆက်ဆံခြင်း ခံရပြီး မင်းသား တစ်ပါး ၏ အဆောင်အယောင် ဖြင့် လေးစားစွာ ဆက်ဆံခြင်းခံရသည်။ တစ်နေ့ တွင် ယိုးဒယား မှ ပါလာသော စစ်သုံ့ပန်းများ၊စစ်ပြေး များ စုစည်းထားရှိရာ နန်းတော်အနီး ယိုးဒယား ရပ်ကွက် သို့ မြင်းစီးအသွားတွင် စားစရာများ ခိုး ယူသည် ကို မိသွား သဖြင့် လူအုပ်ကြီး က ၀ိုင်းလိုက်ခြင်းခံရသော လမ်းတေလေး တစ်ဦး ကို ကယ်ခွင့် ရ လိုက် သည်။ အမည်ပင် မရှိ ရှာ သော ယင်း လမ်းတေလေလေး ကို နရဲစွမ် မင်းသား လေး က “ဘန်တင်း” ဟု အမည်ပေးခဲ့သည်။
ဆက်ပါဦးမည်
TAG:: Movies














0 Comments:
Post a Comment
<< Home