Please Feel Free to send private message about this Web Log . ( awlanmg@gmail.com )

September 26, 2008

ရန်ကုန်ကလူတွေ ဘာသီချင်းတွေကြိုက်နေကြသလဲ

(၂၀၀၈ ။ စက်တင်ဘာလ ရဲ့ စတုတ္ထအပါတ်)

ရန်ကုန်စီးတီး အက်ဖ်အမ် ကနေပြီး လွှင့်ပေးနေတဲ့ အစီအစဉ်လေးတွေထဲမှာ ကျွန်တော်ကြိုက်တဲ့ အစီအစဉ် ကလေး တစ်ခုကတော့ လူကြိုက်အများဆုံး တေးစီးရီးနှစ်ဆယ် အကြောင်း မိတ်ဆက်ပေးတဲ့ အစီအစဉ်ကလေး ဖြစ်ပါတယ်။ သီချင်းခွေ တွေရောင်းတဲ့ ဆိုင်တွေကို လိုက်လံပြီး စာရင်းကောက်ယူ ပြုစုထားတဲ့ အဲဒီအစီအစဉ် ကလေး ဟာ သီချင်းတွေ ကို စိတ်ဝင်စားတဲ့သူတွေအတွက်ကတော့ မဖြစ်မနေ နားထောင်ရမယ့် အစီအစဉ် ကလေးပါ။ မိတ်ဆက်ဖွင့်ပေးတဲ့ သီချင်း ကလေးတွေ နားထောင်ရတာနဲ့ စောင်ပြီးနားထောင်ရကြိုးနပ်တဲ့ အစီ အစဉ်ကလေးပါ။ ၂၀၀၈ ။ စက်တင်ဘာလ ရဲ့ စတုတ္ထအပါတ်အတွက် လူကြိုက်များနေတဲ့ တေးစီးရီး နှစ်ဆယ် ထဲက တစ်ဆယ် ကတော့ ဒီလိုဖြစ်ပါသတဲ့။


၁၀။ နောနော် - အတိုင်းထက်အလွန်


၉။ လူစုံ - Top Ten Songs


၈။ စိုင်းစိုင်းခမ်းလှိုင် - Happy Birthday


၇။ လူစုံ - တစ်ဆယ်စက္ကန့် အမှတ် ၂ အခွေ


၆။ လူစုံ - CityFM နှစ်ပါတ်လည် ၆ နှစ်မြောက်


၅။ လူစုံ - တစ်ဆယ်စက္ကန့် အမှတ် ၁ အခွေ


၎။ ဂျေညီညီ - အကောင်းဆုံးတေးများ


၃။ မျိုးကြီး - Live In Yangon Vol 2


၂။ မျိုးကြီး - Live In Yangon Vol 1


၁။ ရင်ဂို - တူရိယာလုလင်


မန္တလေး က စီးတီးအက်ဖ်အမ် ကိုလည်း ရာသီဥတုကောင်းရင် ရန်ကုန်ကနေ ဖဖ်းလို့ မိနေတဲ့အတွက် အဆင်ပြေ နေပါတယ်။ ၈၇.၇ လိုင်းကနေမိပါတယ် ။ ဒီနေ့မနက်တောင် ဆရာချစ်ဦးညို စီစဉ်တင်ဆက်တဲ့ အဝေးရောက် မန္တလေးသားများရဲ့ အမှတ်တရစကား ဆိုတဲ့ အစီအစဉ်ကလေး နားဆင်လိုက်ရပါသေးတယ်။

အထက်ကအခွေ တွေထဲက နားထောင်ဖြစ်ပြီး ကြိုက်မိတဲ့ သီချင်းကလေးတွေ ရှိပါတယ်။

လူစုံ - Top Ten Songs ကတော့ မာစတာတေးသံသွင်း က ထုတ်ထားတဲ့ သီချင်တွေထဲက အကောင်းဆုံး ဆိုတဲ့သီချင်းတွေချည့် ရွေးစီထားတာဖြစ်တာမို့ အထွေအထူးပြောစရာမရှိပါ။ ဖိုးကာ ရဲ့ တစ်စိမ့်စိမ့်ကြည့် ကို ဗာရှင်းပြောင်းဆိုထားတာလေး လည်း ပါပါတယ်။


၁။ နောနော် - အတိုင်းထက်အလွန် (အတိုင်းထက်အလွန် အခွေ) ရေး - နောနော်


၂။ စိုင်းစိုင်းခမ်းလှိုင် - တောဂေါ်လီ ။ ရေး - စိုင်းစိုင်းခမ်းလှိုင်


၃။ စန္ဒီမြင့်လွင် - ကြာပါတယ်ကွာ (တစ်ဆယ်စက္ကန့် အမှတ် ၂ အခွေ) ရေး Rခိုင် + JMe


၎။ ဒွေး+ကော်နီ - ဘယ်တော့မှမမေ့ဘူး (CityFM နှစ်ပါတ်လည် ၆ နှစ်မြောက်အခွေ) ရေး- မောင်သစ်မင်း

(ကွယ်လွန်ပြီးသူနဲ့ ကာရာအိုကေ ပြန်ဆိုတာ အထူးအဆန်းတော့ မဟုတ်တော့ပါဘူး။ ရှေ့ မှာ အိုင်စီ နဲ့ စောဘွဲ့မှူး ၊ ဒိုးလုံး အမှတ်တရ ၊ စသဖြင့် ရှိခဲ့ဘူးပါတယ်။ ဒွေး နဲ့ ကော်နီ ကလည်း လိုက်ဖက်ညီလှပါတယ်)


၅။ ဇော်ပိုင် - မင်းအတွက်ဆိုရင် (တစ်ဆယ်စက္ကန့် အမှတ် ၁ အခွေ) ရေး - အာခိုင်


၆။ အာဇာနည်-ကိုယ့်အနားရှိစေချင် (တစ်ဆယ်စက္ကန့် အမှတ် ၁ အခွေ) ရေး - အာခိုင်


(ဒီအခွေ ထဲ မှာ Rခိုင် ရေးတာ ၃ ပုဒ်ပါတယ် ။ ၃ ပုဒ်လုံးကြိုက်တယ်။ နောက်တပုဒ် က ရှင်ဖုန်း ဆိုထားတဲ့ ပြန်လာခွင့် ပေးထားတယ် ဆိုတဲ့သီချင်း )


၇။ ရေဗက္က၀င်း - Good Bye (တစ်ဆယ်စက္ကန့် အမှတ် ၁ အခွေ) ရေး - ရွှေဂျော်ဂျော်


(တိတ်ခွေ နားထောင်တုန်း က သတိမထားမိတဲ့သီချင်း ။ ဗွီစီဒီ ကြည့်တော့ ကြိုက်သွားတယ်။ ကြည့် - ကြည့် :--))


၈။ ကောင်းပြည့် - အသည်းပေါက်မတတ်ချစ်တယ် (ဂျေညီညီ - အကောင်းဆုံးတေးများ) ရေး-ညီညီသွင်

( ကိုဂျေမောင်မောင် ပြန်ဆိုထားတဲ့ အလွမ်းကဖီး သီချင်းကိုလည်း ကြိုက်တယ်။ ဒါပေမယ့် ကျွန်တော် မသိသေး တဲ့ ကောင်းပြည့် ဆိုတဲ့ အဆိုတော်လေး ဆိုထားတဲ့သီချင်း ကိုခဏခဏ ပြန်နားထောင်ဖြစ်တယ် ။ တစ်ခေတ်တစ်ခါ က ရှဲလ်တီးဝိုင်း ရဲ့ အဆိုတော်ကြီး ဘိုတောက် ကို ပြန်သတိရစေတဲ့ ဆိုဟန်ကြောင့် မို့လား မသိပါဘူး။)


၉။ မျိုးကြီး - သူစိမ်းတစ်ယောက် (မျိုးကြီး - Live In Yangon Vol 2 အခွေ) ရေး - ဖိုးကာ

( တေးရေး ဖိုးကာ ကို အထင်ကြီးမိစေတဲ့ သီချင်းပါ။ ပြီးတော့ ဒီသီချင်း ကို ဖိုးကာ ဆိုရင် ဘယ်လိုနေမလဲ လို့ အတွေး ပွားနေမိပါတယ်)


၁၀။ ရင်ဂို - ဘ၀သခင် ရေး - ဦးဘသိန်း (မန္တလေး)

(ရင်ဂို ဒီအခွေ ဆိုမယ်ဆိုတော့ ဘယ်သီချင်းတွေ ထည့်ရမလဲ လို့ ဆန္ဒယူပါသတဲ့။ ဦးဝင်းငြိမ်းရွေးပေးတဲ့ သုံးရာသီ သီချင်း၊ ဦးမြတ်ခိုင်ရွေးပေးတဲ့ တူရိယာလုလင် သီချင်း၊ ရန်အောင်ရွေးပေတဲ့ ပန်းပုသူဇာသီချင်း စသဖြင့် ရှိရာမှာ ဘ၀သခင် သီချင်းကတော့ ကျားပေါက် ရွေးပေးထားတာဖြစ်ပါသတဲ့။)


Labels: ,

0 Comments:

Post a Comment

<< Home