Please Feel Free to send private message about this Web Log . ( awlanmg@gmail.com )
အော်-စုံနံသာ
စလောင်းရွဲ့တစ်ချပ် လက်ဝယ်ရရာက
စုံနံ့သာမြိုင်ခရီးကို မရဲလည်း ကျွဲပြဲစီးထွက်ခဲ့တဲ့သူပါ
အိုးရွဲ့ရွဲ့တစ်လုံး တွေ့ဘို့ ဆိုတာက
မနုဿတ္တဘာဝ ဒုလ္လဘ လိုမျိုးလားတောင် တွေးယူရ
ဘယ်မှာမှ ရှာမတွေ့
တွေ့အောင်စောင့်မယ် ကြံတော့လည်း
အိုးထိန်းသည် တွေက အမှားမလုပ်ပြန်
အော်-နှမြှောစိတ်ကလေးအခံနဲ့
သူကလေးကိုလည်း မစွန့်ရက်
အဟင်း--ဒီလိုနဲ့
ပြည်ဖုံးကား ချခါနီးမှာတော့
ရသမျှ ဒဿနထုတ်လိုက်မိတာက
ရွဲ့တာရရင် ရတဲ့အတိုင်းထား
တော်မယ့်အရွဲ့ လိုက်မရှာမိစေနဲ့ - လို့
Labels: thought
ဘိသိက်ပြိုင်
စစ်ကိုင်း နှင့် အနီးတဝိုက်တွင် ဆားတောင်ရွာအုပ်စု ဟူ၍ ရှိရာ ယင်းရွာအုပ်စု မှ ဦးသောင်း ဆိုသူသည် ရပ်ရွာ ဘိသိက် ပွဲများတွင် ဆားတောင်သောင်း (ဆားတောင် ဆရာသောင်း) အမည်ဖြင့် ဝါသနာ အရင်းခံ၍ ဘိသက်ဆရာ ဘွဲ့ ခံယူထား သူ ဖြစ်သည် ။ အမှန်က နွားဆယ်ရှဉ်း ပိုင်ကာ တရွာလုံး သာမက တနယ်လုံး နှင့်လည်း အသားကျနေထိုင်ကာ ပျော်ပျော်ရွှင်ရွှင် နေထိုင်တတ်သူ ဖြစ်သည်။ သို့သော် ဘိုသီဘတ်သီ နှင့် အသောက်အစား လေးများလည်း ရှိသူဖြစ် သည်။
တစ်နေ့ မတ္တရာတောနယ်မှ အလှူကြီးတစ်ခု မှ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပ မည်ဖြစ်ရာ နိုင်ငံကျော် ဆိုင်း စိန်တင်ဟန် အဖွဲ့နှင့်အတူ ဘိသိက်ဆရာ ၂ ဦးကို အပြိုင်ငှားပြီး အလှူပွဲကျင်းပရန် စီစဉ်လေသည်။ တစ်ဦးမှာ ရပ်ရွာအကြိုက် ဆားတောင်သောင်း ဖြစ်ပြီး တစ်ဦးမှာ မန္တလေး မှ နံမည်ကြီး စာတတ်ပေတတ် ဘိသိက်ဆရာ ရတနာပုံ ဆရာလိုင် ဖြစ်လေသည် ။ ကြည့်ရ ကြုံရခဲသော ဘိသက်ဆရာ ၂ဦး အပြိုင် ပွဲမို့ အနီးအနားဝန်းကျင် ရွာ များ မှ အားခဲ၍ လာရောက် ကြည့်ကြမည့် ပွဲလည်း ဖြစ်သည် ။
ပွဲစတင်ချိန်တွင် ရတနာပုံ ဆရာလိုင် မှာ ဟိတ်နှင့်ဟန်နှင့် မြို့ဟန်ဝတ်စုံ နှင့် ၊ပြောဆိုဟန် မှာလည်း လွန်ယဉ်ကျေး ကာ တရာဟော ဓမ္မကထိက အလား စတင်ပြောဆို ဟန်ရေးပြကတည်းက ပရိသပ် ၏ နှစ်ခြိုက်မူ ကို ရယူသွားခဲ့သည် ။ နောက်ကျ ၍ ရောက်လာသော ဆားတောင်သောင်း ကား ထုံးစံအတိုင်း ဘိုသီဘတ်သီ နှင့် အဝတ်အစားကလည်း မပြည့်စုံ။ တောပုံ ၊တော ဘိသိက်ဆရာ သည် မပြိုင်မီကပင် ရှုံးနိမ့်နေမည့်ပုံ အဖြစ် ပရိသပ် က သနားနေကြသည်။
သို့သော် ဟန်ရေးပြနေသော မြို့ဘိသိက်ဆရာ က မာန်မာနတက်ကာ ဆိုင်းအဖွဲ့ ကို ဂရုမစိုက်သည့်အပြင် သူ့နောက် ဘိသိက်သွန်းမည့်သူကို သိယောင်ကား၊ တတ်ယောင်ကားဟန်ရေးပြသူ ၊အထူးသဖြင့် သူရာမေရိယကံ ကို မထိန်းနိုင်သူ သည် မင်္ဂလာ ရှိသော မင်္ဂလာယူချိန် ဘိသိက် ပွဲများနှင့် လားလားမှ မအပ်စပ်သူ အဖြစ် အဆုံးစွန် နှိမ်ချပြောဆိုလာသော အခါတွင်ကား--------။
xxxxxxxxxxxxxxxxxxxxxxxxxxxx
02-06-2010 ညပိုင်း MRTV3 INTERNATIONAL ရုပ်သံလိုင်း မှာ အမှတ်မထင်ကြည့်ဖြစ်သော အင်္ဂလိပ်စာတမ်းထိုး မြန်မာစကားပြော ရုပ်သံဇတ်လမ်း ?? ဖြစ်ပါသည်။ စကြည့်စဉ် က စိတ်မပါတပါ ကြည့်နေရာမှ ဇတ်လမ်းဆုံးချိန်အထိ မျက်တောင်မခတ်စတမ်း စိတ်ဝင်စားစွာ ကြည့်ဖြစ်သည့် ဇတ်လမ်းဖြစ်သည်။
မင်းသား မင်းသမီး ဟူ၍ သီးသန့်မပါဝင်ဘဲ ဆားတောင်သောင်း အဖြစ် မိုးဒီ ကို ပင်တိုင်ဇတ်ကောင် ထားကာ မြန်မာ့ရိုးရာ ကျေးလက် အလှူပွဲ ယဉ်ကျေးမှု ကို အစအဆုံး ရိုက်ပြသွားသည်။ တောရပ်တောဓလေ့ ရှင်လောင်းလှည့်ပုံ ၊ ထမင်းရည် ချောင်းစီး အလှူကြီးပေးပုံ ၊ ကာလသားတို့ စကားအခြေအတင် စသည်ဖြင့် ကြည့်ရခဲသော မြန်မာဓလေ့ စစ်စစ် များ ကို ကြည့်ခဲ့ရပါသည်။
ဇတ်လမ်း ၏ အထွဋ်အထိပ် ဟု ခေါ်ရမည့် ဆားတောင်သောင်း ၏ ဘိသိက်ပြိုင်ခန်း (သို့) ဆရာလှိုင် သို့ ချေပခန်း ကို ရင်တထိတ်ထိတ် ၊ အသည်းတမမ ဖြင့် ကြည့်ခဲ့ရပါသည်။
ဆရာလှိုင်အဖြစ် သရုပ်ဆောင် သူ မှာ ဇတ်ရုပ်အရ အထူးလိုက် ဖက်သူ ဖြစ်သည် ။ အထူးသဖြင့် ချီးကြူးလိုသူ မှာ မိုးဒီ ၏ သရုပ်ဆောင်မှု ဖြစ်ပါသည်။ သူ ၏ မချိုမချဉ် မျက်နှာပေး မှာ ပြိုင်ဘက် ဘိသိက်ဆရာ ဆရာလှိုင် ကို ကြောက်ရွံ့မှု ဖြစ်စေပြီး ပရိသပ် ကိုကား ချစ်ခင်မှု ၊သနားမှု ကို ဖြစ်စေခဲ့သည်။ အသံဝါကြီး နှင့် ''မိုက်မလင်းနိုင်ဘူး။ မြိုခင်းညှာဆီမှာ၊ ခါတော်မီ ပျော်မမေ့နိုင်ဘူး---အစချီ လယ်တီဆရာတော်ဘုရားကြီး ၏ ခွန်းထောက် ကို ဆိုသွားပုံမှာ တကယ့် ဆားတောင်သောင်း အဖြစ် မြင်ခဲ့ရသည်။
ဇတ်လမ်း ကို ဆရာလှိုင် က ဝန်ချတောင်းပန်ပြီး ဆားတောင်သောင်း က သေရည်ဖြတ်ဘို့ ကတိပေးပုံ ၊ ဆိုင်းဆရာ စိန်တင်ဟန် က ဆရာနှစ်ဦး ရဲ့ ဘိသိက်ပြိုင် ကို ဒီလိုဒီဟန် နဲ့ တွေ့ဖူးကြုံဖူးပါတယ်ဗျာ ဟူသော စကားဖြင့် ပြန်ပြောင်း ပြောပြ ဟန် ဖြင့် အဆုံးသပ်ထားပါသည်။ စာတမ်းထိုးရာ တွင် ဥာဏတင်စိုး ရိုက်ကူးပြီး ဘုန်းဘုန်း ရှင်ဆေကိန္ဒ ၏ အဆုံးအမ ဖြင့်ဟုလည်း တွေလိုက်ရပါသည် ။
ဇတ်လမ်း အစအဆုံးနီးပါးပြောစကား တွေ ပါဝင်သော လျှပ်တစ်ပြက် ဂျာနယ် မှ ဆရာစိန်တင်ဟန် ၏ မူရင်းဆောင်းပါး ကို ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည် ။
http://snapshot-news.com/index.php?option=com_content&view=article&id=4261:2010-03-29-11-42-06&catid=284:vol2-no78&Itemid=118
Labels: ရုပ်သံအညွှန်း
ငွေဆောင် ကမ်းခြေ ၁၀ နှစ်ပြည့် ပွဲတော်
ငိုချင်မိသော ပွဲတစ်ပွဲ
(ဆရာကြီး လယ်တွင်းသားစောချစ် ရဲ့ ဟောပြောပွဲ မှာ ဆရာကြီးထံ က ကြားနာလိုက်ရတဲ့ ခံစားချက် ကို မျှဝေချင်လို့ပါ )
ကျွန်တော်တို့ စာရေးဆရာ ဆိုတာ ဘာကိုမှ မျှော်ကိုးပြီး ဟောပြောပွဲ လက်ခံတာ မဟုတ်ရပါဘူး ။ လာပြီး ဖိတ်တဲ့အချိန် မှာ ပြက္ခဒိန် မှာ ရေးမှတ်ထားတာ ကို လှမ်းကြည့်ပြီး လွတ်ရင် လက်ခံလိုက်တာပါဘဲ ။ ဘာနဲ့လာကြို မှာတုန်း ၊ ဘယ်လိုသွားရမှာတုန်း ၊ ဘယ်လောက် ကန်တော့မှာတုန်း စသဖြင့် တစ်ခါ မှလည်း မမေးခဲ့ဘူးပါဘူး ။ တစ်ခါ မှလည်း မတွေးခဲ့ ဘူးပါဘူး ။ ငါတို့ ကို ဟောစေချင်လို့ တကူးတက လာဖိတ်တာ ဆိုပြီး ကိုယ်က ကျေနပ်နေရတာပါ ။
ရန်ကုန် က တချို့ဟောပြောပွဲတွေမှာ ပုဆိုးတကွင်း နဲ့ မိုးအလင်းဟောခဲ့ပါတယ်။
မကွေး မှာဟောတုန်းကတော့ ကတ်ကြေး လက်ဆောင်ရတယ်ခင်ဗျ ။ ကတ်ကြေး တစ်လက် နဲ့ နှစ်ချေးထွက် အောင် ဟောခဲ့ပါတယ် ။
ဟော- ဒိုက်ဦး မှာတော့တစ်မျိုး ။ ငါးချဉ်တစ်တွဲ နဲ့ ဖင်ပြဲအောင် ဟောခဲ့ရတာမျိုးလည်း ရှိပါတယ် ။
ပြည်တွင်း မှာသာမက ပြည်ပမှာလည်း ဟောခဲ့ရဘူးပါတယ် ။
ပွဲအမျိုးမျိုး ၊လူအထွေထွေ ဆိုသလို ကြုံခဲ့ဘူး တာမှာ မလေးရှား မှာ ဟောတုန်း က အတွေ့အကြုံ က တစ်မျိုးခင်ဗျ ။ နိုင်ငံရပ်ခြား မှာမို့ လူ လာမှ လာပါ့မလား လို့ စိုးရိမ်နေတာ ခန်းမကြီး ပြည့်လျှံသွားအောင် လာကြပါတယ် ။ လူများလွန်းလို့ ငါဟောတာကို စိတ်မှဝင်စားကြပါ့မလား လို့ စိုးရိမ်မိပေမယ့် စည်းကမ်းသေဝပ်စွာ နားထောင်ကြ မယ့်ပုံလည်းရှိတော့ ဟောဖို့ပြင်လိုက်ပါတယ် ။ တစ်ခွန်း ဟော လိုက်ကာ ရှိသေး ထွက်လာလိုက်တဲ့ ရီသံကြီး ၊ ကြက်သီးမွေးညင်း ထလောက်ပါရဲ့ ။
ဟောပြောတဲ့ လူ ဆိုတာ ကိုယ်ဟော တာ ကို ပရိသပ် က သဘောကျ မှ ကျပါ့မလား ၊ စိုးရိမ် စိတ်နဲ့ နေကြရတာ ။ အခုလို အားပေးလိုက်တော့ လူတောင် ကြောင် စီစီ နဲ့ ဖြစ်သွားပါတယ် ။
နောက်တစ်ခွန်း ပြောလိုက်တော့လည်း ရီလိုက်ကြတာ တဝါးဝါးနဲ့ ။ ကြာတော့ ချွေးစီးတွေ စို့လာပါတယ် ။ သူတို့ က အားရပါးရ တဝါးဝါး ရီလေ ၊ ဒီက ဟောတဲ့ကောင် က ငိုချင်လေ ဘာဆက်ဟောရမှန်း မသိအောင် ဖြစ်လာပါ တော့တယ် ။ မျက်ရည်တွေတောင် စို့လာပါတော့တယ် ။
အော်….. သူတို့ခဗျာ………လွမ်းနေကြတာ ။ လွမ်း…..နေလိုက်ကြတာ ..။ မြန်မာ့ အငွေ့အသက် ကို လွမ်းဆွတ် တမ်းတ နေကြတာ ။သူတို့ရဲ့ နေ့စဉ်လှုပ်ရှား ရုန်းကန်နေတဲ့ နိုင်ငံရပ်ခြား တိုင်းတပါး ရဲ့ နေရာဒေသ ကနေ မြန်မာ့ အငွေ့ ၊ မြန်မာ့ အတွေ့ ကို လွမ်းနေလိုက် ကြတာ ။ ကျွန်တော်ပြော မှ မဟုတ် ၊ ဘယ်သူပဲပြောပြော မြန်မာ ကို လွမ်းတဲ့စိတ် နဲ့ အားပေးကြမှာပါဘဲ ။
သူတို့ရဲ့ခံစားချက် ကို ကြည့်ပြီး စင်ပေါ်ကနေ ငိုတောင် ငိုချင်လာမိပါရဲ့။
( ၂၄-၁၀-၂၀၀၉ နေ့က ငါးလုပ်ငန်း အဖွဲ့ချုပ် မှာ ဟောပြောခဲ့တဲ့ ဆရာကြီး လယ်တွင်းသား စောချစ် ရဲ့ “ အောင်စိတ် နဲ့ ထူးချွန်စွာ အောင်မြင်တဲ့နည်း ” ဟောပြောပွဲရဲ့ ပထမဆုံး နိဒါန်းပိုင်းကလေး ကို စိတ်ထဲမှာ မှတ်မိသမျှ ပြန်ချရေးကြည့်ထားတာ ဖြစ်ပါတယ် ။ ဆရာကြီး ရဲ့ စကားလုံးအတိုင်း အတိအကျ မဟုတ်ပါ ။ နိုင်ငံရပ်ခြား မှာလည်း စာပေ ဟောပြောပွဲ တွေ ကို စီစဉ်ပေးနေသူများ ကို လေးစားဂုဏ်ပြုတဲ့ စိတ်ခံစားချက်ကလေး ခံစားမိလို့ ချရေး မိဖြစ်တာ ဖြစ်ပါတယ် )
Labels: Sharing
ASEAN STATISTICAL YEAR BOOK 2008
အဟီး….တိုက်မိမှာစိုးလို့
ဒီလထုတ် ဂန္ဓာရီ မဂ္ဂဇင်း ထဲက ဆရာ အီကွေတာ ရဲ့ လက်ရာ ကာတွန်းလေးပါ။ကြိုက်လို့ စုထားလိုက်ပါတယ်။Labels: Notes Of A Reader
( အန်ကောဝပ် ဆိုင်ရာ )ကိန်းဂဏန်းများ နှင့် စကားပြောကြည့်ခြင်း
၁-ဒေါ်လာ-စီရမ်မြို့တွင်း ဆိုင်ကယ်ကယ်ရီ ဟိုနားဒီနား တခါစီးခ
၁.၅-ဒေါ်လာ- ဈေးဟောင်း မှ ပိုးပ၀ါ ၁၀ ထည်ယူကတထည်ကျသင့်ငွေ
၂-ဒေါ်လာ- စီရမ်မြို့တွင်း Tuk Tuk ဟိုနားဒီနား တခါစီးခ
၎-ဒေါ်လာ- နိုင်ငံတကာသို့ ခေါ်ယူနိုင်သော Sim Card တန်ဘိုးကျသင့်ငွေ
၇-ဒေါ်လာ- စီရမ်မြို့လေဆိပ် မှ ဘယ်နေရာသွားသွား ဆလွန်းကားတက်စီဈေးနှုန်း
၁၂-ဒေါ်လာ- အဲယားကွန်း၊ ရေပူရှာဝါ၊တီဗွီ ၊မီနီဘား ၊လေဆိပ်အကြို အပါ တည်ခိုခန်းခ (မနက်စာမပါ)
၁၂-ဒေါ်လာ- Buffet Dinner with Traditional dances ( ဟိုတယ် အကြို-အပို့ အပါအ၀င်)
၁၅-ဒေါ်လာ- စီရမ်မြို့တွင်း Tuk Tuk နေကုန်ငှားရမ်းခ ( ၄ ယောက်အထိစီးနိုင်)
၁၅-ဒေါ်လာ-မီတာ ၂၀၀ အမြင့်အထိ တက်ပေးသော ဘောလုံးခရီးစဉ်ခ
၂၀-ဒေါ်လာ- Temple Pass တရက်စာ ဈေးနှုန်း
၂၅-ဒေါ်လာ- Tour Guide တဦး တရက်စာ ငှားရမ်းခ
၂၅-ဒေါ်လာ- Siem Reap Airport tax (per person )
၃၀-ဒေါ်လာ- စီရမ်မြို့တွင်း တက်စီဆလွန်းကား နေကုန်ငှားရမ်းခ ( ၄ ယောက်အထိစီးနိုင်)
၄၀-ဒေါ်လာ- Temple Pass သုံးရက်စာ ဈေးနှုန်း
Tourism
2,125,465-ဦးရေ- ၂၀၀၈ ခုနှစ်အတွင်း ကမ္ဘောဒီးယား နိုင်ငံသို့လာရောက်သော နိုင်ငံခြားသား အရေအတွက်
668,504-ဦးရေ- ၂၀၀၈ ခုနှစ်အတွင်း Siem Reap မြို့သို့လေကြောင်းဖြင့်လာရောက်သော နိုင်ငံခြားသား အရေအတွက်
်
260,000-ဦးရေ- ၂၀၀၈ ခုနှစ်အတွင်း မြန်မာ နိုင်ငံသို့လာရောက်သော နိုင်ငံခြားသား အရေအတွက်
1,595- Million US$ - ၂၀၀၈ ခုနှစ်အတွင်း ကမ္ဘောဒီးယား နိုင်ငံ၏ Tourism မှ ရသောဝင်ငွေ
165 - Million US$ - ၂၀၀၈ ခုနှစ်အတွင်း မြန်မာ နိုင်ငံ၏ Tourism မှ ရသောဝင်ငွေ
ကိုးကား
- အန်ကောဝပ် ခရီးစဉ်
- Tourism statistical report 2008 – Kingdom Of Cambodia – Ministry Of Tourism
- 2009 XINHUA NEWS AGENCY
Labels: Angkor Wat, Tourism
အန်ကောဝပ် ခရီးစဉ် အတွက် အကြံပြုချက်များ
ဘုရားကျောင်းတွေ သွားရင် လ သုံးလုံးဆောင်ဗျ။ လိုးရှင်းလိမ်းသွားဗျာ ၊ လက်ရှည်ဝတ် ၊ လို တာပဲ သယ်ယူသွားဗျ။ ၁။ ခရီးစဉ် ဘယ်နှစ်ရက် သွားသင့်တယ် ။ ဘယ်တွေ လည်ပါတ် သင့်တယ် ဆိုတာကတော့ ကိုယ် ရဲ့အချိန်ရမှု နဲ့ ဘာတွေကို စိတ်ဝ်စားတာလဲ ဆိုတဲ့ စိတ်ဝင် စားမှု အပေါ် မူတည်တာပေါ့ ။ ၁ ပါတ် သွားလည်း ကြည့်မယ်ဆို ကြည့် မကုန်ပါဘူး ။ သူများတွေ ရဲ့ ခရီးစဉ်ကို မူတည်ပြီး ဖြည့်သင့် ၊ ဖြုတ်သင့်ပါတယ် ။ စက်တင်ဘာ ၊အောက်တိုဘာ သွားဖို့ စဉ်း စားရင် အချိန် ပိုယူပါ ။ မိုး က အစိုးမရပါဘူး ။၂။ သူတို့ရာသီချိန် က အောက်တိုဘာလ ကနေ ဧပြီ လအထိ ပါ။ ကျန်တဲ့လတွေ သွားသူတွေက ပရိုမိုးရှင်းတွေ ၊ Discount တွေ ၊ လူရှင်းတာတွေ စတဲ့ အကျိုးကျေးဇူးတွေ ရရှိမှာ ဖြစ်ပေမယ့် မိုးရွာလို့ ကသိကအောက် ဖြစ်နိုင်ပါတယ် ။၃။ Sunset ကို စပါယ်ရှယ် ကြည့်ချင်သူတွေ အတွက် မတ် ၊ဧပြီ လ က အကောင်းဆုံး လို့ ပြောသဗျ ။၎။ တည်းခိုခန်း နဲ့ ဟိုတယ် အတွက် ကတော့ ကိုယ့်ဘတ်ဂျက် နဲ့ ကိုယ့်ရဲ့ရရှိလိုမှုအပေါ် အခြေခံပြီး စုံစမ်းကြည့်ပါ။ ဒါပေမယ့် Aircon နဲ့ Wifi in room ရနိုင်ရင်တော့ ကောင်းမယ်ဗျ ။ Wifi ရရင် အဆက်အသွယ် မပြတ်ဖူး ပေါ့ ။ ပန်ကာ ဘဲရှိတဲ့ တည်းခိုခန်း တွေတော့ မရွေးသင့်ဘူး ။ ဈေးချိုပေမယ့် ခြင် ကိုက်လို့ အော်နေရမယ်ဗျို့ ။ ဘယ်လိုဘဲ ဖြစ်ဖြစ် ခြင် မကိုက်အောင် လိမ်းတဲ့ လိမ်းဆေး လေးတော့ ဆောင်သွားပါ။၅။ စုံစမ်းပြီး ကြိုတင် Reservation လုပ်တာဆိုရင် ၁ ရက်ပဲ လုပ်ကြည့်ပါလား ။ တက်သာဆုတ်သာ တာပေါ့ ။ ဟိုတယ် ၁၀၀ ကျော် နဲ့ တည်းခိုခန်း ၁၄၀ ကျော် ရှိတာပဲ ။ မကြိုက်တော့ ပြောင်းလို့ရတာပေါ့ ။( ဥပမာဗျာ… ဟိုတယ် က အကုန် အိုကေ ပါတယ်ဆိုဦးတော့ ။ဘုန်းကြီးကျောင်း နဲ့ နီးရင် နေကုန် လော်စပီကာကြီး နဲ့ အဖွင့် ခံရတာမျိုး ကြုံရနိုင်လို့ပါ)၆။ ဘုရားကျောင်းတွေ သွားရင် လ သုံးလုံးဆောင်ဗျ။ လိုးရှင်းလိမ်းသွားဗျာ ၊ လက်ရှည်ဝတ် ၊ လို တာပဲသယ်ယူသွားဗျ။ အဲ ဖိနပ် ကတော့ ပေါ့ပေါ့ပါးပါး ကောင်းတယ် ။ ကျွန်တော်တော့ ဖိနပ်ချွတ်ရတဲ့နေရာ မတွေ့မိခဲ့ဘူး ။ ဦးထုတ် နဲ့ နေကာ မျက်မှန် ဆောင်သွားရင် ကောင်းတာပေါ့ ။ရ။ ချွေတာနိုင်တဲ့ အသုံးစရိတ်တွေ ချွေတာပြီး Tour Guide ကိုတော့ ငှားစေချင်တယ် ။ တရက် ဖြစ်ဖြစ်ပေါ့ ။ နောက်တခါ လာဘို့ထက် တခါ တည်း နဲ့ ပြည့်ပြည့်စုံစုံ သိရရင် အကောင်းဆုံးပဲ ။ ဂ။ မြေပုံစာရွက်လေး ဆောင်သွားပါ ။ တစ်ချို့ အလကားဝေတဲ့စာအုပ် တွေက ကြော်ငြာ တွေ နဲ့ ရှုတ်ပွနေတယ် ။ ဘုရားကျောင်းတွေ မှာ က အညွှန်းဆိုင်းဘုတ် အလွယ်မတွေ့ရတော့ ဓါတ်ပုံတွေတော့ ရိုက်ပါရဲ့။ ဘယ်မှာ ရိုက်မိမှန်း မမှတ်မိနိုင်တာမျိုး ကြုံရနိုင် တယ် ။၉။ Temples Pass က တရက် ဒေါ်လာ ၂၀ ပေမယ့် ၃ ရက်စာ ဆို ဒေါ်လာ ၄၀ ပဲ ကျတယ် ။ တန်အောင် ဆိုပြီး ၃ ရက်လုံး မနက်က ညနေ နေကုန် ဘုရားကျောင်း တွေ ချည့်သွားရင် လူ အရမ်းပင်ပန်းသွားမယ်နော် ။ ရက်ရှည်ဆိုရင် မနက် temples သွားပြီးရင် ညနေပိုင်း Non Temples Activities တွေ လုပ်သင့်တယ် ။ Non Temples Activities တွေ ထဲမှာလည်း ကိုယ့်ဘတ်ဂျက် နဲ့ ကိုယ်စိတ်ဝင်စားတာကို ရွေးဘို့ အများကြီး ရှိပါတယ် ။ပြတိုက် က ဈေးကြီးသဗျ ။ Tonle Sap Lake တို့ Floating Village တို့ ဆိုတာတွေ က ပိုက်ဆံ အပိုအများကြီး မကုန်ရင်တော့ သွားပေါ့ဗျာ ။ Killing Field တို့ War Museum တို့ ကတော့ စိတ်ဝင်စားရင် သွားသင့်တာပေါ့ ။ ပိုးထည်ရက်တဲ့ရွာ (Silk Farm )ဆိုတာကတော့ Free အပြင် မိနစ် ၂၀ လောက် သွားရင် ရောက် တာ မို့ အချိန်ပေးနိုင်ရင် သွားကြည့်သင့်တယ် ။ လက်ဆောင်ပေးဘို့ ပိုးထည် (အစစ် လို့ မဆိုလိုပါ) ဆိုရင် Old Market မှာ ၀ယ်ပါ။၁၀။ အုန်းနို့နဲ့ချက်တဲ့ ခမာဟင်းတွေ လျှော့စားဗျို့ ။ကျေးဇူးစကားအန်ကောဝပ် ခရီးစဉ် နဲ့ ပါတ်သက်ပြီး စိတ်ဝင်တစားလာရောက်ဖတ်ရှု သူတွေ ၊ အကြံ့ပုသူတွေ ၊အားပေးသူတွေ အားလုံး ကို ကျေးဇူးတင်ပါတယ်။အထူးသဖြင့် ကျွန်တော့ရဲ့ ရှေ့ကအန်ကောဝပ် အကြောင်း ကို မျှဝေပေးခဲ့တဲ့ အောက်ပါ ဘလော့ဂါ နှစ်ဦး ကို အထူးကျေးဇူးတင်ပါတယ် ။၁။ အရှင် ဦးကောဝိဒ ရဲ့ ခရီးသွားမှတ်တမ်းများ၂။ ကို သက်ပိုင်သူ ရဲ့ အန်ကောဝပ် ပို့များ Labels: Angkor Wat, Notes Of A Trip